Sunday 26 April 2009

Ubuntu 9.04 released

Ubuntu 9.04 is released recently, on 23rd April to be exact. This time, it releases 3 editions. Netbook remix edition, Server edition and Desktop edition.

Netbook remix edition is the one that is newly introduced. It is for the wide range of the most popular netbook machines. It has beentested on Acer Aspire One, Asus eee PC 1000, and Dell Mini 9. The following is an excerpt from Ubuntu News, "Ubuntu Netbook Remix offers an enhanced user experience with more intuitive icons, consistent notifications across applications and numerous design changes that give the product more visual appeal."

I am not sure I'll have the chance to try Ubuntu 9.04. Though if I have the chance, I may write a review about my experience.

Saturday 25 April 2009

ထာဝရ (ခ) နာဂစ်နှင့် မြန်မာ့ တပ်မတော်

ထာဝရ (ခ) နာဂစ်နှင့် မြန်မာ့ တပ်မတော် ရုပ်ရှင်

သူငယ်ချင်း တစ်ယောက် ပြောပြတယ်။ ထာဝရ ဆိုတဲ့ရုပ်ရှင် နာဂစ်အကြောင်း ရိုက်ထားတာ။ အဲဒီကားထဲမယ် စစ်သားတွေ တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်ပြီး သတိပေးတာတွေ၊ ဒုက္ခရောက်တဲ့သူတွေကို ဘယ်လို ကူတာတွေ ရိုက်ပြသတဲ့။ မင်းသား မင်းသမီးတွေ များကြီးပါသတဲ့။ ကြည့်ပြီးရင် "တပ်မတော်သားကြီးတွေ ကျန်းမာပါစေ ချမ်းသာပါစေဗျား" လို့.. ၀ိုင်းဆဲ အဲလေ... မေတ္တာပို့ကြတယ်တဲ့။ ကြည့်ချင်နေတုံး ဧပြီ ၂၁ နဲ့ ၂၂ မှ ရွှေဒရင်းမ်မှာ တင်ထားတာ တွေ့လိုက်ပါတယ်။
http://www.shwedream.com/index.php?L=music.movies ၂ကားတွဲ။

ကျွန်တော် သွားကြည့်တော့ မင်းမော်ကွန်း၊ နိုင်းနိုင်း၊ နေတိုး၊ နေမျိုးအောင်၊ ထူးခန့်ကျော်၊ မြင့်မြတ်၊ အူဝဲ၊ မေသဉ္ခာဦး၊ သဇင်၊ မိုးဟေကို၊ မေသက်ခိုင် စသဖြင့်တို့ ပါပါတယ်။ ( မင်းသား မင်းသမီးတွေကိုတော့ အပြစ်တင်ရ ခက်ပါတယ်၊ ဒါ ရိုက်ပေးဆို.. ပိုက်ဆံမရလည်း ရိုက်ပေးရမယ် မဟုတ်လား။)

ရုပ်ရှင်ကို တပ်မတော် သီချင်းနဲ့ ဒီလိုဖွင့်ပါတယ်။ လေတပ် ရေတပ် ကြည်းတပ် (မြန်မာနိုင်ငံတော် စောင့်ရှောက်ကာကွယ်မနော်... ပြည်သူ့ စစ်ဟာ ပြည်သူအတွက်ပါ.. ပြည်သူတွေရဲ့ တို့တပ်မတော် ) ... ပြည်သူ့အကျိုးဆောင် တပ်မတော် တို့ရဲဘော် ... နိုင်ငံရဲ့ အချုပ်အခြာ အာဏာတည်ဖို့ရာ ကာကွယ်မည် တို့တပ်မတော်။

ဒီထဲမှာ မင်းမော်ကွန်းက ကြည်းတပ် ဗိုလ်မှူးခိုင်ခန်။ အူဝဲက ဆရာဝန်၊ နိုင်းနိုင်းက ရေတပ်ဗိုလ်၊ သဇင်က နာဂစ်ရွာတစ်ရွာထဲသူနာပြုဆရာမလေး၊ နေတိုးက လေတပ်ဗိုလ်၊ မိုးဟေကိုက စီးပွားရေးလုပ်ငန်းရှင်၊ မြင့်မြတ်က ကြည်းတပ်သား၊ မေသက်ခိုင်က သူနာပြုမလေး၊ စသဖြင့် သရုပ်ဆောင်ထားပါတယ်။

သူနာပြုဆရာမလေးသဇင်ရဲ့အမေအသက်ကို ကယ်တင်ပြီးတဲ့အခါ ]]ပြည်သူတွေ ဒုက္ခရောက်နေတယ်ဆို ပင်လယ်ထဲထိတောင် စက်ကုန်ဖွင့်ပြီးလာကူညီမှာ}} ဆိုပြီး ရေတပ်ဗိုလ်လေးနိုင်းနိုင်းက ဆိုပါတယ်။ တပ်သားမြင့်မြတ်တို့အုပ်စုဆိုလည်း ရွာထဲမှာ တံတားတွေပြင်ပါတယ်ဆောက်ပါတယ်။ အဲသလို တပ်မတော်သားတွေ ပြည်သူအပေါ် ဘယ်လို စေတနာထားတယ်၊ ပြည်သူအပေါ် ရင်ဝယ်သားလိုသနားကြင်နာမှုရှိဆိုတာတွေ ပျိုးထားပြီး၊ တကယ့်အခန်းလာပါပြီ။ သတင်းဌာနက ဘယ်လောက် အန္တရာယ်ကြီးနိုင်မယ့် နာဂစ်မုန်တိုင်းလာတော့မယ်ကြေညာပါတယ်။ မုန်တိုင်းမလာခင် စစ်သားတွေ အိမ်တိုင်းလိုက်ပြောတယ်၊ ဘေးကင်းရာ ပြောင်းကြပါ၊ ဒါပေမယ့် ရွာသားတွေက မယုံကြဘူး။ (ကျွန်တော့်သူငယ်ချင်းပြောပြတာကတော့ စစ်တပ်ကတောင်မသိလိုက်လို့ ရန်ကုန်မြစ်ထဲ စစ်သင်္ဘောတစီး ရေဆင်းငုပ်သွားတယ် ဆိုပဲ ) စစ်ဗိုလ် ကိုယ်တိုင်လာပြောတာကို ရွာသားတစ်ယောက်က မင်္ဂလာဆောင်တော့မယ့် အချိန်မှာ အမင်္ဂလာ လာမပြောနဲ့၊ ပွဲမဖျက်နဲ့လို့ဒေါသနဲ့ ပြန်ပြောသေးတယ်။ အဲလိုပြောတဲ့ကောင်ကို မုန်တိုင်းကျတော့ ဗိုလ်ကြီးကိုယ်တိုင် စိတ်မနာပဲ ၀င်ကယ်တယ်။ ရွာထဲမှာ ရောက်ပြီးနေတဲ့ တပ်မတော်သားတွေ ရွာသားတွေကို မုန်တိုင်းကြားထဲမှာ လိုက်ကယ်ကြတယ်။ ရွာသားတွေ ကယ်ရင်း အမေကို လုပ်ကျွေးနေတဲ့ ပြည်သူ့အချစ်တော်စစ်သားလေး မြင့်မြတ် (မင်းသားသစ်) သေသွားတယ်။ (ဇာတ်နာအောင်ပေါ့)

အဲဒီမှာ ထာဝရ ဆက်မကြည့်ချင်တော့ဘူး။ ဒါပေမယ့် ဆက်ကြည့်လိုက်ပါတယ်။ မုန်တိုင်းတိုက်တာနဲ့ တပ်မတော်က ချက်ချင်း အစည်းအဝေးခေါ် ကြည်းတပ် ရေတပ် လေတပ် အကုန်လွှတ်တာဗျ။ ရဟတ်ယာဉ်တွေ သွားတယ်။ ပြည်သူတွေကို ကယ် ရေတွေတိုက် ဖျောင်းဖျ အားပေး ဆေးကု ယာယီတဲတွေမိုးပေး။ ဗိုလ်မှူးတွေပါ ထွက်လာတာ။
ဗိုလ်မှူး မင်းမော်ကွန်းက သူ့တပ်သားတစ်ယောက် မိသားစု ရှိတဲ့နေရာ သွားရှာဖို့ အွန်သည်စပေါ့ ချက်ချင်း ခွင့်ပေးလိုက်တယ်။ တပ်မတော်သားတွေ ကူတဲ့အတွက် ရွာသားတွေ အများကြီးက ပြန်ကျေးဇူးတင်တဲ့အခန်း.. ဘုန်းဘုန်းတစ်ပါးနဲ့ ရွာသား ၄ ၅ ဦးနဲ့ပေါ့။ တပ်မ ၆၆ မရှိရင် ကျွန်တော်တို့ရွာတော့ အဟင့်.. ဟင့်...။ ။

ရေတပ်ဗိုလ် နိုင်းနိုင်းကလည်း စစ်သင်္ဘောကြီးနဲ့ရောက်လာတော့ ရွာသားတစ်ယောက်က... ၀မ်းသာလိုက်တာ ဗိုလ်မှူးရယ်..... ရေတပ် သင်္ဘောကြီး ကျွန်တော်တို့ရွာရောက်လာတာ၊ ကျွန်တော့်မျက်စိ ကျွန်တော် မယုံနိုင်ဘူး။ (အင်း ရုပ်ရှင်ထဲမှာကိုး)။ နာဂစ်ကြောင့် နိုင်းနိုင်းရဲ့ ရည်းစား သူနာပြု ဆရာမလေး သဇင် သေသွားတယ်။

လေတပ်ဗိုလ် နေတိုးလာပါတယ်။ ဗိုလ်နေတိုးရဲ့ .. ဟယ်လီကော့ပတာကို... ရွာသားတွေ ၀ိုင်းကြိုကြတယ်.. ဟယ်... ရေတွေ စားစရာတွေ အစိုးရ ရဟတ်ယာဉ်နဲ့ လိုက်ဝေနေတယ်... အများကြီးပဲ... ဟယ်လီကော်ပတာနဲ့လည်း ဒုက္ခသည်တွေကို သယ်တယ်။ တကယ့်ကို ကြင်ကြင်နာနာနဲ့ဗျ။

တော်လောက်ပြီ။ ရိုက်ချက်ကတော့ ကမ်းကုန်ပဲ။
ဒီနေရာ မှာ မိုးဟေကို ၀င်လာပြီ၊ သူက စီးပွားရေး လုပ်ငန်းပိုင်ရှင်လေ၊ လာလှူတာပေါ့ လက်ထဲ ဘာမှပါတာ မမြင်ဘူး (တကယ်ဆို ဆန်အိတ်တွေ ဘာတွေ ဆို......အင်း....ကြည့်ရတာ ဆန် အိတ်တို့ ဘာတို့က စစ်သားတွေပဲ ဝေပေးနေတာကို။ ကလေးတစ်ယောက် အ၀တ်မဲ့နေတာကို အင်္ကျီဝတ်ပေးတယ်။ ထူးခန့်ကျော်က (မိုးဟေကို အကိုက) ၀တ်ထားတဲ့ အင်္ကျီပါချွတ်ပြီး အ၀တ်ဗလာနဲ့လူကြီးကိုပေးတယ်။ အူဝဲကလည်း မနေပါဘူး။ ဆရာဝန်မမ ဆိုတော့ ကိုယ့်သဘောနဲ့ ဗော်လန်တီယာလုပ်ပြီး နယ်တွေဆင်း ဆေးကုပါတယ်။ ကျရာနေရာကနေ ၀ိုင်းဝန်းကူညီပေးပါတယ်။

သိပ်ကောင်းတဲ့ ရုပ်ရှင်ပါ။ အိပ်မက်မက်တောင် ဒီလောက် ကောင်းချင်မှကောင်းပါမယ်။
"အုပ်ချုပ်သူခေါင်းဆောင်ကြီးများနဲ့ တပ်မတော်သားကြီးတွေ ကျန်းမာပါစေ ချမ်းသာပါစေဗျား" လို့ ကျွန်တော်လည်းပဲ...၀ိုင်းဆဲ..အဲလေ..... မေတ္တာပို့လိုက်ပါတယ်။


Credit goes to break6 from myanmarcupid.net

Friday 24 April 2009

Funny

ကြိုက်တာဝယ်စား

အမေရိကန်နိုင်ငံရှိ ၀က်မွေးမြူသူတစ်ဦးထံသို့ တစ်နေ့သောအခါ
လူကြီးလူကောင်းတစ်ဦး ရောက်ရှိလာပြီးစုံစမ်းလေ၏ ။
"ခင်ဗျားရဲ့ဝက်တွေကို ဘယ်လိုအစာတွေကျွေးသလဲဗျ "
"ကျွန်တော့်ဝက်တွေကို ထမင်းကျန်၊ ဟင်းကျန်တွေနဲ့ ဟင်းသီးဟင်းရွက် အပုပ်တွေ ရောစပ်ပြီး ကျွေးပါတယ် "
"ကြားရတာ စိတ်မကောင်းစရာပဲ၊ ကျွန်တော်က ကမ္ဘာ့တိရိစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က အရာရှိပါ ။ အခုလို ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစာတွေ ကျွေးမှုအတွက်ခင်ဗျားကို ဒေါ်လာတစ်ထောင် ဒဏ်ငွေ ရိုက်ရပါလိမ့်မယ်"
ဒဏ်ငွေဆောင်ပြီး ( ၃ ) လခန့်ကြာပြန်သော် နောက်ထပ်လူတစ်ဦး ထပ်ရောက်လာပြီး စုံစမ်းပြန်၏ ။
"ခင်ဗျားဝက်တွေကို ဘယ်လိုအစာတွေကျွေးသလဲဗျ"
"ဟုတ်ကဲ့၊ ပေါင်မုန့်၊ ပူတင်း၊ ဒိန်ခဲ၊ အာလူး၊ ကြက်ပေါင်းနဲ့ ဗိုက်တာမင် အားဆေးတွေ ရောစပ်ပြီးကျွေးပါတယ်ခင်ဗျာ"
"အားပါး၊ အံ့သြစရာပဲ၊ ကျွန်တော်က ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က အရာရှိပါ ။ ကမ္ဘာကြီးရဲ့ လူဦးရေ လေးပုံ တပုံလောက် နှစ်စဉ် အငတ်ဘေး ကြုံနေရတာကိုတောင်မှ ခင်ဗျားက ခြိုးခြုံမှုမရှိဘဲ ဖြုန်းတီးပစ်နေတာ အဲဒီအတွက် ခင်ဗျားကို
ဒေါ်လာတစ်ထောင် ဒဏ်ငွေရိုက်ပါတယ်"
ဒဏ်ငွေဆောင်ပြီး များမကြာမီ နောက်တစ်ဦးလာပြန်လေ၏။
"ခင်ဗျားဝက်တွေကို ဘယ်လို အစာတွေကျွေးပါသလဲခင်ဗျား"
"တစ်ကောင်ကို တစ်ဒေါ်လာစီ ပေးပြီး ကြိုက်တာဝယ်စားလို့ ပြောလိုက်တယ်"

------------------------------------------------------------------------------

စည်းကမ်းရှိသူ

"လူတွေကစည်းကမ်းမရှိကြဘူးဗျာ ။ ငှားပြီးရင်ပြန်မပေးချင်ကြဘူး။ ခင်ဗျားတို့ပတ်ဝန်းကျင်တော့ မပြောတတ်ဘူး"
"ကျွန်တော့်ပတ်ဝန်းကျင်က စည်းကမ်းရှိရှိ ပြန်ပေးပါတယ်။ မိုးတွင်းတုန်းက ငှားသွားတဲ့ထီးကို ဆောင်းတွင်းကျတော့ လာပြန်ပေးပြီး စောင်ပြန်ငှားသွားတယ်။ နွေရောက်တော့ စောင်လာပို့ပြီး ယပ်တောင် ပြန်ငှားသွားကြတယ်ဗျ"

How it started

Created on 24th April, 2009 with the idea, "I'm gonna write a blog!" :)

Actually I wanted to start my blog on 17th April, my birthday. However, I was damn busy and didnt get the chance to create. Anyway, I just started this and I am going to continue.